Department of Agricultural Research

  • Agriculture Research Institute (ARI) was initially established at Gyogon, Insein Township, Yangon in 1954.
  • ARI was then shifted to Yezin (Located 19˙ 91' north latitude and 96˙ 0' 7" east longitude, and 97.6 m above the sea level), Pyinmana Township, Mandalay Division (now Nay Pyi Taw) in 1971.
  • ARI was renamed Central Agricultural Research Institute (CARI) in 1990.
  • DAR was upgraded from CARI and became as a separate department under the Ministry of Agriculture and Irrigation (MOAI) on 27th January 2004.
နိုင်ငံတော်သမၼတ ဦးသိန်းစိန်၊ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိမြို့ နယ်၊ ရေဆင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသို့ လာရောက်ကြည့်ရှုစစ်ဆေး
There are no translations available.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ၂၉-၁၁-၂၀၁၁ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့ နယ်၊ ရေဆင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ နေပြည်တော် ကောင်စီဝန်များနှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှင်းလင်းပြသ ထို့ နောက် မျိုးစေ့ဘဏ်အဆောက်အဦရှိ စိုက်ပျိုးရေးသုတေသန ဦးစီး ဌာနက ထုတ်ဝေပြီးသော သီးနှံမျိုးစေ့များနှင့် အလားအလာကောင်းသော မျိုးစေ့များပြခန်းတွင် စပါးနှင့် အခြားသီးနှံသုတေသနဌာနများက ထုတ် ဝေပြီးသော သီးနှံမျိုးစေ့များ၊ ဇီဝနည်းပညာသုတေသနနှင့် ပိုးမွှားရောဂါ ကာကွယ်နည်းစနစ်များ၊ မြေဆီလွှာနှင့်ရေအသုံးချရေးဆိုင်ရာသုတေသန လုပ်ငန်းများနှင့် သုတေသနရလာဒ်များ ခင်းကျင်းပြသထားမှုကို လှည့် လည်ကြည့်ရှု့ စစ်ဆေးရာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်နှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခင်စိုးတို့ က လိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်စုဆောင်းရရှိထားသော သီးနှံဇီဝမျိုးကွဲများပြခန်းတွင် စပါး၊ ပဲမျိုး စုံ၊ ဆီထွက်သီးနှံ၊ နှံစားသီးနှံ၊ လူး၊ ဆတ်၊ ပြောင်းစသည့်မျိုးစေ့များ ခင်းကျင်းပြသထားမှု၊ အပင်ဇီဝနည်းပညာသုတေသနဓါတ်ခွဲခန်းတွင် ခေတ်မီစက်ကိရိယာများဖြင့် ဆန်အရည်အသွေးစစ်ဆေးမှု၊ မြန်မာစပါးမျိုး များ၏ ဇီဝလက္ခဏာများကို မှတ်ပုံတင်ခြင်း၊ မျိုှးဗီဇ (DNA)ပါဝင်မှုပမာဏ နှင့် အရည်အသွေးစမ်းသပ်ခြင်း၊ မျိုးဗီဇပွားများခြင်းနှင့် ပွားများရရှိလာ သည့် မျိုးဗီဇများကို Gel Electrophoresis ပြုလုပ်ပြီး စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ သီးနှံမျိုးဗီဇကွဲများ သိုလှောင်ထားသည့် အအေးခန်းတွင် မျိုးစေ့ပေါင်း (၂၀၀၀၀)ကျော်အား ၃ နှစ်မှ ၅ နှစ်အထိ မျိုးဗီဇမပျက် ထိန်းသိမ်းထားနိုင်သည့် နှစ်တိုထိန်းသိမ်းထားမှုနှင့် နှစ် ၂၀ နှင့် ၃၀ အထိ မျိုးဗီဇမပျက် ထိန်းသိမ်းထားနိုင်သည့် နှစ်လတ်ထိန်းသိမ်း ထားမှုတို့ ကို ကြည့်ရှုစစ်ဆေးပါသည်။
 
«StartPrev12NextEnd»

Page 1 of 2
©copyright by 2011-2012 by DAR.